Saturday, May 30, 2015

ဗမာစစ်အစိုးရမှ ပြည်သူလူထူတို့၏ ဘ၀လုံချုံရေးအား ကာကွယ်နိုင်ခြင်းမရှိ

လုံခြုံမှုမရှိသော ရက္ခိတရို့ဘ၀တိ ...
 

ဗုဒ္ဓဘာသာအား မယုံကြည်၍ မေးသော မေးခွန်းများအား ဖြေကြားချက်...

Add caption
( ၁ ) ဗုဒ္ဓဘာသာဆိုတာ ဘာလဲ....?


ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။
“ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာသက်တော်၃၅နှစ်မှာ(ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ဗုဒ္ဓဘာသာဝင်ပေါင်းသန်းသုံးရာကျော် ရှိနေပါပြီ။လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်အထိတော့ဗုဒ္ဓဘာသာဟာအရှေ့တိုင်းဒဿနပညာရပ်တစ်ခုအဖြစ်သာတည်ရှိခဲ့ပါတယ်။သို့သော်လဲယခုအချိန်မှာဥရောပနှင့်အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။
----------------------
( ၂  ) ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာ တစ်ခုပဲပေါ့ ....
 
ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့သင်ပေးပါတယ်။ပြီးတော့ကျွန်ုပ်တို့ဟာသတ္တ၀ါအားလုံးရဲ့မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။
----------------------------------
( ၃ ) ဒီလိုဆိုရင် ဗုဒ္ဓဆိုတာ ဘယ်သူလဲ....?

ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ဆုံးဖြတ်လိုက်တယ်။အသက်၂၉နှစ်ရှိတဲ့အခါဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။ သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။

(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကိုစွန့်၍အာနာပါနဈာန်အခြေခံလျက်မဂ္ဂင်ရှစ်တန်ပွါးမှသာဘုရားအဖြစ်သို့ ရောက်ပါသည်။) ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့မဟာကရုဏာတော်နှင့်ခန္တီတရားကြောင့်များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူကြပါတယ်။ သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက်အိုခြင်းတရား၊နာခြင်းတရားများဖိစီးနှိပ်စက်ခံရသော်လဲချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။

( ၄ ) ဗုဒ္ဓဟာ သူရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား....?

ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။သူအချိန်အကြာကြီးစဉ်းစားပြီးတွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။ ကြီးမားတဲ့ မဟာ ကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။

( ၅ ) ဗုဒ္ဓဟာ ပရိနီဗ္ဗာန်စံသွားပြီဆိုတော့ ကျွ်နုပ်တို့ကို ဘယ်လိုကူညီနိုင်ပါသလဲ...?

ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။ ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။ ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။

(၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။

ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။

(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။ တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။

(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို
ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။

(၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။ ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ “ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။ ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။” ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါဘူး။

(၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓ ဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက် ]နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။

(၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။
ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက
ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။ ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။ ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။

(၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။ ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။ ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။ အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။
ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei ၊ အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက်အကန်
ငြင်းခုံးနေကြပါရော။ အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊
ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ
အမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။

(၁၃) မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။ "သိပ္ပံ" ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။
ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစားသိမြင်လို့လဲ ရပါတယ်။
ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။ လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။
တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။ ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။ ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။
စတုတ္ထ အမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။
ဒီဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။ သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။ ဒီနည်းလမ်းကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။ သိပ္ပံပညာမှာလိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။ ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။ ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။ ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေပါတယ်။
ရှင်တော်မြတ်ဘုရား ဆုံးမပုံက -
ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့် အစဉ်အဆက် ယုံကြည်လက်ခံလာတာ
ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။ သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်
မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်
တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့် စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊
ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။
ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့ သိပ္ပံနည်းကျ သဘောသဘာဝတွေတော့ ပါဝင်ပါတယ်။ ပြီးတော့ တခြား ဘာသာတရားတွေထက် ပိုပြီးသိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။
နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း က ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ်။
နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။ တယ် တရားသေ ၀ါဒကိုလဲရှောင်လွှဲနိုင် လိမ့်မယ်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံး ကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။ ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခု ရှိတယ်ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။.

....အရှင်မုနိန္ဒ(ပန်းထော်) ပြန်လည်မျှဝေပါသည်(by Ven S Dhammika)

ရက္ခိုင်/ရခိုင်/Rakhing.....

အမျီုးသီလ နှစ်ဌာနကို
ပြည့်ဝမဏ္ဍိုင် စောင့်စွမ်းနိုင်လို့
ရက္ခိုင်နာမ ဘွဲ့မည်လှဖြင့်
အနွတ္တသညာ ခေါ်အပ်ရာတည်း.....။ ။
ရက္ခိုင်ဆိုသည်မှာ  အမျီုးကိုစောင့်ထီမ်းသူ ၊ ကိုယ်ကျင့်တရားကောင်းမွန်စွာ စောင့်ထီန်းသူဟု အရှင်နာဂီန္ဒမော်ကွန်းတွင် ရေးထိုးထားလေသည်...။ 
ထိုသို့ဆိုလျှင်... သောက်စားမှုးရစ်၊ပေါင်းသင်းပျော်ပါး ထိုသူများနှင့်ရောက်ရာအရပ် တွေ့ရာယူလျှက် သီလတရားကင်းမဲ့သောသူသည်မည်သို့ပင်လေ ရက္ခိုင်ပါဟု ခံယူပါစေ ထိုသူသည်ကား   ရက္ခိုင်နာမ မထိုင်လေစွ...။
ယခုခေါတ် မြန်မာနီူင်ငံအတွင်း ပြည်နယ်တစ်ခုအဖြစ် ရပ်တည်နေရသော ရခိုင်ပြည်တွင်းရှိ ရခိုင်အမျီုးသားတို့သည် ရေကြည်ရာမြက်နုရှာဆိုသလို  သမုဒ္ဒရာဝမ်းတစ်ထော်အတွက် မိမိဒေသ၏ လုပ်ခလစာနှင့် မလုံလောက်နိုင်သောကြောင်း နိုင်ငံရပ်ခြားသို့ ရွေ့ပြောင်း
အလုပ်သမားဘ၀ဖြင့် မွေးရပ်မြေကိုစွန့်ခွါ တိုင်းတပါးသို့ ထွက်ခွါနေကြသည်မှာ နောင်အနာဂါတ်ကာလ ရခိုင်ပြည်ကြိးအတွက် စိန်ခေါ်ချက်တစ်ခုအနေနဲ့ မလွဲမသွေ ကြုံလာကြရလီမ့်မေဆိုတာ အခုကတည်းက သက်သေပြနေသလို ထင်ယောင်မိပါတယ်....။
 တချို့သော ပုဂ္ဂိုလ်တို့မှာ ဖိနှိပ်မှု များပြားလှသော မိမိတို့ဒေသ အခြေအနေကြောင့် နိုင်ငံ ရပ်ခြားသို့ အပြီးတိုင် ထွက်ခွါ သွားကြ ရရှာ ပါသည်။ ဒေသတွင်း နေထိုင် နေဆဲဖြစ်သည့် ရခိုင်များမှာလည်း အနယ်နယ် အရပ်ရပ်မှ စီးပွားရေးနှင့် ဌာနဆိုင်ရာ ကိစ္စများကြောင့် ပြောင်းရွေ့ လာသော လူမျိုးခြားများနှင့် ဒွေးရော ယှက်တင်နေထိုင်ကြရသည့် အချိန်ဖြစ်နေသည်။ ထိုသို့ သော အခြေအနေ အရပ်ရပ်သည် ရခိုင်တို့ ၏ မည်သည့်လူမျိုးနှင့်မျှ သွေးမရော လိုသည့် အမျိုးသား ဇာတိမာန်ကို ပြင်းထန်စွာ ခြိမ်းခြောက်လျက် ရှိပါသည်။ လူမျိုးခြားများနှင့်အိမ်ထောင်ပြုကာ မိမိတို့ ၏ ရိုးရာ ယဉ်ကျေးမှုနှင့် ဘာသာစကားကို ကျောခိုင်းသွားကြသည့် ရခိုင်အမျိုးသား၊ အမျိုးသမီး အရေအတွက်မှာလည်း တစတစ များပြား လာပါသည်။ ထိုသို့ အဖက်ဖက်မှ ပျက်စီး ယိုယွင်းနေသော အချိန် အခါတွင် ရခိုင်သားတို့ အနေဖြင့် ထိုအဖြစ် အပျက်တို့ကို လက်မခံချင် သော်လည်း ရှောင်လွဲ၍ မရနိုင်သော အခြေအနေသို့ဆိုက်ရောက် နေပြီဖြစ်ပါသည်။
မျိုးစောင့်တရား ဆိုသည်မှာ မိမိတို့၏လူမျိုးကို လူမျိုးခြားများနှင့် သွေးရောစပ်၍ တိမ်ကော ပျောက်ပျက် မသွားအောင် ကိုယ်စီ စောင့်ထိန်းခြင်း၊ မိမိတို့ လူမျိုးအချင်းချင်း ရိုင်းပင်းကူညီ ဖေးမစောင့်ရှောက်ခြင်းနှင့် မိမိတို့ ရခိုင်လူမျိုးတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကို ကောင်းမြတ် တည်ကြည်စွာ စောင့်ထိန်းခြင်းဖြင့် မိမိလူမျိုး၏ အမျိုးသားဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်ခြင်း စသည်တို့ကို ဆိုလိုသည်ဟု စာရေးသူ ထင်မြင်ယူဆ မိပါသည်။
ယနေ့ ခေတ် ရခိုင် လူမျိုးများထဲတွင် အများစုမှာ အမျိုးကို ချစ်သူ၊ မိမိ လူမျိုး၏ သမိုင်း အစဉ်အလာကို ဂုဏ်ယူ ၀င့်ကြွား ကြသူများ ဖြစ်ကြ ပါသည်။ သို့ ရာတွင် မိမိတို့ ခေတ်တွင် ပုဂ္ဂလိက ကြိုးပမ်း အားထုတ်မှုဖြင့် မျိုးရိုးဂုဏ်ဆောင်နိုင်ရန် ကြိုးပမ်းသူ အရေအတွက်မှာ ရှိသင့် ရှိထိုက်သည်ထက် နည်းပါး လှပေသည်။ အမျိုးချစ်သူ၊ သမိုင်းကြောင်း အစဉ်အလာနှင့် ယဉ်ကျေးမှုတို့ ကို တန်ဖိုး ထားသူများ ရှိသကဲ့သို့  တဖက် တွင်လည်း လူမျိုးကို ချစ်ရကောင်းမှန်း မသိ၊ မိမိလူမျိုး၏ သမိုင်းကြောင်း ဂုဏ် သိက္ခာနှင့် ယဉ်ကျေးမှုတို့ကို တန်ဖိုး ထားရ ကောင်းမှန်း မသိ၊ မိမိကိုယ် မိမိ ရခိုင်လူမျိုး ဆိုသည်မှ လွဲ၍ တခြား ဘာကိုမှ မသိသောသူများလည်း ရှိကြသည်။ ထိုသူများထဲတွင် တချိန် တခါက စာရေးသူ ကိုယ်တိုင် ပါဝင် ခဲ့သည်ကို ရိုးသားစွာ ၀န်ခံ လိုပါသည်။ မိမိတို့ရခိုင် လူမျိုးများထဲတွင် မိမိ၏ လူမျိုးတူ အချင်းချင်း ထိမ်းမြား လက်ထပ် ယူထားသော်လည်း မိမိ၏ လူမျိုး အချင်းချင်းကို ကူညီ စောင့်ရှောက်မှု မရှိသူ (သို့ ) နည်းပါးသူ၊ မိမိလူမျိုးကို တတ်နိုင်သမျှ ကူညီရိုင်းပင်းသော်လည်း လူမျိုးခြားနှင့် လက်ဆက်ကာ မျိုးရိုးကို မစောင့် ထိန်းနိုင်သူ၊ မျိုးရိုးကို မစောင့်ထိန်း သည့်အပြင် ကိုယ့်လူမျိုး အချင်းချင်း ကူညီ ရိုင်းပင်းခြင်း လုံးဝမရှိဘဲ တခြား လူမျိုးများကိုသာ အထင် ကြီးသောသူ စသည့် လူအမျိုးမျိုးကို တွေ့ မြင်နေရပါသည်။ အဆိုပါ ပုဂ္ဂိုလ် အချို့ကြောင့် သမိုင်းကြောင်း အစဉ်အလာ ဂုဏ်သိက္ခာ ကြီးမားခဲ့သည့် ကျွန်ုပ်တို့ ရခိုင်ပြည်သည် အထည်ကြီးပျက် အိမ်တစ်အိမ်နှင့် တူလာရပေသည်။
မည်သည့် နိုင်ငံ၊ မည်သည့် လူမျိုးစုတွင် မဆို အကောင်းအဆိုး စရိုက် လက္ခဏာတို့  ဒွန်တွဲလျက် ရှိနေသည် မှန်သော်လည်း မိမိလူမျိုး၏ ကိုယ်ပိုင် ရပ်တည်ခွင့် ဆုံးရှုံးကာ လူမျိုးကြီး ၀ါဒတခု၏ ခြိမ်းခြောက်မှုကို ခံနေရသော ရခိုင် လူမျိုးများ အနေဖြင့် မျိုးစောင့် တရားကို အစဉ်သဖြင့် နှလုံး သွင်းထား သင့်ပေသည်။ မျိုးစောင့် တရားတွင် မိမိတို့ ရခိုင် လူမျိုး အချင်းချင်း ထိမ်းမြား လက်ထပ်၍ မျိုးရိုး မပျောက် ပျက်အောင် ထိန်းသိမ်းခြင်းသည် အဓိက အချက် ဖြစ်သော်လည်း အိမ်ထောင်တခု၏ အဓိက ကျောရိုးဖြစ်သော သစ္စာတရားနှင့် တာဝန်ယူမှုသာ မရှိခဲ့ပါလျှင် အဓိပ္ပါယ် ရှိလိမ့်မည် မဟုတ်ချေ။ အမျိုးနှင့် သီလသည် ယှဉ်တွဲ၍ မရှိပါက ထွက်ပေါ်လာသည့် ရလဒ်သည်လည်း မွန်မြတ် လိမ့်မည် မဟုတ်ချေ။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ စာရေးသူ၏ အသိုင်းအ၀န်းတွင် တွေ့ ကြုံ ခဲ့ရသည့် အိမ်ထောင်ရေး တခု အကြောင်းကို တင်ပြလိုပါသည်။
ရခိုင် အမျိုးသား တယောက်သည် ရခိုင် အမျိုးသမီး တယောက်အား မျိုးစောင့် တရားကို အကြောင်းပြ၍ လက်ထပ် ပေါင်းသင်း ခဲ့သည်။ လက်ထပ်ပြီး လအနည်းငယ် ကြာသောအခါ စီးပွားရှာရန် နိုင်ငံရပ်ခြားသို့  အဆိုပါ ရခိုင်အမျိုးသား ထွက်ခွာ သွားခဲ့ ရပါသည်။ ထိုပုဂ္ဂိုလ် နိုင်ငံခြား၌ နှစ်အတန်ကြာ အလုပ် လုပ်ကိုင်နေစဉ် ကာလအတွင်း ဇနီးဖြစ်သူ ကလေးတဦး မွေးဖွား ခဲ့ပါသည်။ နှစ်အတန် ကြာပြီးနောက် ထိုပုဂ္ဂိုလ်သည် မိသားစုထံ တခေါက် ပြန်လာခဲ့ပါသည်။ လအနည်းငယ်ခန့် ဇနီးသည်နှင့် နေထိုင်ပြီးနောက် နိုင်ငံခြားသို့ တဖန် ပြန်လည် ထွက်ခွာ သွားခဲ့ ပြန်ပါသည်။ လင်ယောင်္ကျား ဖြစ်သူ ထွက်ခွာ သွားပြီးနောက် ကိုယ်ဝန်နှင့် ကျန်ရစ်ခဲ့သော ဇနီးဖြစ်သူမှာ မကြာမီ ကလေး နောက်တဦး ထပ်မံ မွေးဖွား ပြန်သည်။ အဆိုပါပုဂ္ဂိုလ် အိမ်မှ ပထမဆုံး စတင် ထွက်ခွာခဲ့သည့် အချိန်မှစ၍ ယနေ့ အချိန်ထိ နှစ်ပေါင်း (၁၅) နှစ်ကျော် (၁၆) နှစ်နီးပါး ကာလအတွင်း ဇနီးဖြစ်သူနှင့် နေထိုင် ပေါင်းသင်း ခဲ့သည့် အချိန်မှာ တနှစ်ပင် ပြည့်မည် မထင်ပါ။ ဤ အဖြစ် အပျက်မျိုးသည် ယနေ့ ခေတ် ရခိုင် ဒေသတွင် ဖြစ်နေကျ မထူး ဆန်းသော အဖြစ် အပျက်မျိုးသာ ဖြစ်ပါသည်။ သို့ သော် ထိုပုဂ္ဂိုလ် နိုင်ငံခြားတွင် နေထိုင်စဉ် ကာလအတွင်း အိမ်ထောင်ရေး ဖောက်ပြန်မှု များစွာ ရှိခဲ့သည်။ ထိုသူ၏ စီးပွားရှာစဉ် ကာလအတွင်း ဇနီးဖြစ်သူကို ပေးကမ်း ထောက်ပံ့မှုသည် လူမြင် ကောင်းရုံသာ ရှိခဲ့ပါသည်။ နှစ်ပေါင်း (၁၆) နှစ်နီးပါး ကာလအတွင်း လင်ယောက်ကျား၏ သစ္စာမဲ့မှုနှင့် ပျက်ကွက်မှုများကို သည်းခံ ခွင့်လွှတ် ပေါင်းသင်းခဲ့သော အဆိုပါ ပုဂ္ဂိုလ်၏ ပွဲတက် မယားသည် ထိုသူ့  အတွက် မျိုးဆက် မွေးဖွား ပေးရုံထက် ပိုသော တန်ဖိုးထားမှု၊ ချစ်ခင်ကြင်နာမှုတို့ကို ပိုင်ဆိုင်ခွင့် မရ ခဲ့ရှာပေ။ အထက်ပါ ပုဂ္ဂိုလ်၏ သာဓကသည် ရခိုင် အမျိုးသားတိုင်း လိုက်နာကျင့်သုံးအပ်သည့် စစ်မှန်သော မျိုးစောင့်တရား ဖြစ်ပါ၏လော။
ယနေ့ခေတ် အချိန်ခါတွင် နိုင်ငံရပ်ခြား၌ မိဘ ညီအစ်ကို မောင်နှမ များ၏ စားဝတ် နေရေးအတွက် စွန့်စား အလုပ် လုပ်ကိုင် နေကြရသည့် ရခိုင် လူငယ် လူရွယ် များစွာ ရှိကြပါသည်။ ထို့အတူ မိမိလူမျိုး လွတ်မြောက်ရေး အတွက် နိုင်ငံရေး အခန်းကဏ္ဍတွင် ကျရာနေရာက ၀င်ပါရင်း အိမ်ပြန်ခွင့် ဆုံးရှံးခဲ့ကြရသည့် အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့ လည်း ရှိကြပါသည်။ မြောက်မြားစွာသော လူမျိုးခြားများ၏ အလယ်တွင် ဘ၀ လိုအပ်ချက်များကို ဖြည့်စွက်ရန် ကြိုးစားရင်း နဖူးစာ ရွာလည်၍ နီးစပ်ရာ လူမျိုးခြားများနှင့် အိမ်ထောင် ပြုသွား ကြသူများလည်း ရှိပါသည်။ ထိုသူများထဲတွင် ထူးချွန်သောသူ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ အချို့ပင် ပါဝင်လေရာ အနာဂတ် ရခိုင်ပြည် အတွက် ကြီးစွာသော ဆုံးရှုံးမှုတခု ဖြစ်ပါသည်။ သို့သော် ထိုသူတို့သည် ကျွန်ုပ်တို့ လူမျိုးများ ဖြစ်သည်၊ ကျွန်ုတို့ ၏ အိမ်သားများ ဖြစ်သည်၊ ကျွန်ုပ်တို့ ၏ သွေးများပင် ဖြစ်ပါသည်။ လက်မခံချင်သော်လည်း လက်ခံရမည်သာ ဖြစ်သည်။ ယနေ့ ခေတ် ရခိုင်ပြည်၏ ရပ်တည်မှု အနေအထား အရလည်း ထိုသူတို့ ကို အပြစ်တင်ရန် ခဲယဉ်း လှပေသည်။ ထိုသူများ အနေဖြင့်လည်း မျိုးရိုးကို စောင့်ထိန်းရမည့် အမျိုးသားတာဝန်ကို အကြောင်းမလှ၍ မကျေပွန် နိုင်ခဲ့သော်လည်း မိမိ၏ အမျိုးကို တတ်စွမ်းသမျှ ကူညီ စောင့်ရှောက်ခြင်းနှင့် မိမိ၏ ကိုယ်ကျင့် တရား ဂုဏ် သိက္ခာကို လူမျိုးခြားများ အလယ်တွင် တည်ကြည်စွာ ထိန်းသိမ်းခြင်းဖြင့် မိမိ၏ လူမျိုးတာဝန်ကို ကျေပွန်စွာ ထမ်းရွက်ခွင့် ရှိပါသေးသည်။
လူမျိုးတစ်မျိုး၏ သမိုင်းကြောင်း၊ ဘာသာ စကားနှင့် ယဉ်ကျေးမှုတို့ သည် မည်မျှပင် ကြီးကျယ်ခန့် ငြားခဲ့သည် ဆိုစေကာမူ လူမျိုးခြားများနှင့် ဆက်ဆံသည့် နေရာတွင် မိမိ၏ ကိုယ် အမူအရာ၊ နှုတ် အမူအရာသည် မိမိအား မွေးဖွားပေးခဲ့သည့် ကျေးဇူးရှင် မိဘ နှစ်ပါး၏ ဂုဏ်သိက္ခာကို သာမက မိမိ လူမျိုး တမျိုးလုံး၏ ဂုဏ် သိက္ခာကိုပါ ကိုယ်စား ပြုနေသည်ကို ရခိုင် လူမျိုးတိုင်း သတိ ပြုစေချင်ပါသည်။ မိမိ၏ လူမျိုးကို အဆင့်အတန်းရှိသည်ဟု ခံယူထားသော သူတိုင်းသည် မိမိ ကိုယ်တိုင်ကိုလည်း အဆင့် အတန်း ရှိသည်ဟု ယုံကြည် ထားသင့် ပေသည်။ နှစ်ပေါင်း ထောင်ချီ ကြာမြင့် ခဲ့ပြီဖြစ်သော ရခိုင် လူမျိုး၏ ယဉ်ကျေးမှု အစဉ်အလာသည် သင့်အတွက် လူမျိုးခြားများ အလယ်တွင် ဘ၀င်မြင့်ခြင်း၊ မောက်မာခြင်း ပြုလုပ်ရန် မဟုတ်သည်ကို သတိထား စေချင်ပါသည်။
တခါတရံ၌ တချို့သော ရခိုင် အမျိုးသားများသည် တခြားလူများနှင့် ဆက်ဆံရာတွင် လိုအပ်သည်ထက် မောက်မာသည်ကို စိတ် မကောင်းစွာ တွေ့မြင် နေရသည်။ မြန်မာ တနိုင်ငံလုံး အခွင့်ထူးခံ လူတစ်စုမှလွဲ၍ ဆင်းရဲ ဒုက္ခ ရောက်နေ ကြရသည့် အချိန်တွင် လူ အချင်းချင်း ငြိမ်းချမ်းစွာ ပေါင်းသင်း ဆက်ဆံ နိုင်ခြင်းသည် ရှေး ယခင် ဘုရင်များ လက်ထက်က ရန်ငြိုးများထက် ပိုမို အရေးကြီးပါသည်။ သင်၏ လူမျိုးရေး မုန်းတီးမှုသည် တဖက်လူက သင့်လူမျိုးအပေါ် အထင်ကြီးလေးစားမှုကို ရယူနိုင်ခြင်းထက် ပိုမို အရေး ကြီးပါသလား။ တဖက် လူမျိုးအပေါ် သြဇာ လွှမ်းမိုး နိုင်ခြင်းထက် အရေးပါ အရာ ရောက်ပါ၏လော။

တချိန်က ရန်ကုန်မြို့တွင် နေထိုင်စဉ် ကာလအတွင်း လူမျိုးခြားများနှင့် စီးပွါး စပ်တူလုပ်ရင်း အငြင်းပွားကာ တရားစွဲရန် ကြိုးစားနေသည့် မိမိ၏ မိတ်ဆွေ ရခိုင် လူမျိုးတဦးကို တွေ့ခဲ့ဖူးပါသည်။ ပြဿနာ၏ အရင်းအမြစ်ကို စုံစမ်း မေးမြန်းကြည့်သည့်အခါ တဖက် လူများက မလွန်ကြောင်း သွားတွေ့ရပါသည်။ သို့သော် မိမိ မိတ်ဆွေကြီး၏ စိတ်ထဲတွင် မိမိတို့လူမျိုးအပေါ် အုပ်ချုပ် စိုးမိုးနေသည့် အဆိုပါ လူမျိုးစုအပေါ် လက် တုန့်ပြန်ချင်စိတ် အလွန်တရာ ထက်သန်နေ၍ စာရေးသူ တားဆီး မရခဲ့ပါ။ နှစ်ပေါင်း နှစ်ရာကျော် ဆုံးရှံးခဲ့သည့် ရခိုင်တို့ ၏ လွတ်လပ်ရေးအတွက် အဆိုပါပုဂ္ဂိုလ်၏ ဂလဲ့စား ပြန်ချေသည့် ခပ်ကြောင်ကြောင် လုပ်ရပ်ကြောင့် စာရေးသူ၏ စိတ်ထဲတွင် ရယ်ရမလို ငိုမရလိုနှင့် အတော်မအီမလည် ခံစား ခဲ့ရဖူးပါသည်။ အမျိုးကို ချစ်သည် မှန်သော်လည်း မျက်စိ ဖွင့်ကြည့်၍ ချစ်စေ ချင်ပါသည်။ တခါတရံ၌ ရန်ကုန်မြို့ထဲတွင် မူးရူး သောက်စား၍ လမ်းပေါ်တွင် မိမိတို့ အလွန် တန်ဖိုးထား မြတ်နိုးရသည့် ရခိုင် အမျိုးသား သီချင်းတို့ကို ညကြီးအချိန်မတော် ဂုဏ်ယူစွာ ဟစ်ကြွေး သီဆို တတ်သည့် မျိုးချစ်ရခိုင် အမျိုးကောင်းသားတို့ကိုလည်း စိတ်ပျက်စွာ တွေ့ မြင် ခဲ့ဖူးပါသည်။ သူများဆန်စက် မည်သို့ ပင် အကောင်း အဆိုး ထွက်ထွက်၊ ကိုယ့်မောင်းဆုံထဲက ဆန်တခွက်ကို ဖြူစေ ချင်လှပါသည်။
Add caption
ဆယ်ပါးသီလ ခံယူသော်လည်း တပါး မြဲရန် ခက်ခဲသကဲ့သို့ဆန္ဒနှင့်ဘ၀ တစ်ထပ်တည်း မကျနိုင်ကြသော ဤကာလတွင် မျိုးစောင့် တရားကို မစောင့်ထိန်းနိုင်လျှင်တောင် ကိုယ် ကြွလိုက်သည့် ခြေတစ်လှမ်း မြေမကျခင် ကိုယ်သည် မည်သည့် လူမျိုး ဖြစ်သည့် အကြောင်း တစက္ကန့်မျှ ဖြစ်စေ သတိ ရစေ ချင်ပါသည်။

"ဇာမှားနီလေ အမောင်ရက္ခိုင်သား"


အမောင်ရခိုင်သား ဇာမှားနီလေ
-----------------------------
ရခိုင်စင်စစ်က
ယခီးဖြစ်ရ
ဟိရေ စာကိုမရွီးလို့ --။၊

သခင်စင်စစ်က
ကျွန်ဖြစ်ရ
အချင်းချင်းတန်ဖိုးမထားလို့ --။

မျောက်နှင်ခံရရေ ယာသျှင်
ဘ၀င်လီဟပ်ပနာ ဘ၀မိ
ပကတိကိုမမြင်
အထည်ကြီးပျက်စင်ထက်မှာ
ပြောကေ အမျိုးချစ်တေ
ရခိုင်သားကြားထဲမှာ လကျယ်
အောက်ချီးအသံကြားကေ
ကျားလောက်ကြောက်တေ --။

ရခိုင်ထမင်းကို
ရခိုင်စားပနာ
ရခိုင်ရီကို
ရခိုင်သောက်လို့ 
ရခိုင်မြီမှာ
ရခိုင္ကိုမြီး
ရခိုင်သွီးတိနန့် အသက်ရှင်နီကေလည်း
ဗမာနွားကိုလားကျောင်းနီရေ
အမောင်ရခိုင်သား
ဇာမှားနီလေ --။

ရက္ခ၀ဏ္ဏအက္ခရာ ရခိုင်စာပီ

 "ရက္ခ၀ဏ္ဏအက္ခရာ ရခိုင်စာ"
ဝသာလီခေတ် နှောင်းပိုင်းတွင် ရက္ခ၀ဏ္ဏအက္ခရာ ပေါ်ပေါက်လာပါသည်။ ယင်းနှောင်း ခေတ်ပိုင်းတွင် တွိရသော ရက္ခ၀ဏ္ဏအက္ခရာပါ ကျောက်စာများမာ ယေဓမ္မာဂါထာပါ ကျောက်စာ (ဧဂုမြောက်ဦးပြတိုက်)၊ ဝေသာလီမှ ကြိခ်ျမော်ရုပ်ပလ္လင်စာ(ဧဂုမြောက်ဦးပြတိုက်)၊ အာယနာကောင်း မှုတော် ကြီးဆီမီးခွက်စာ (ဧဂုရန်ကုန်)၊ ကျောက်တော် အုတ်ပုံတော်ဘုရားမှ အုပ်ခွက်ဘုရားစာ (ဧဂု ရန်ကုန် ရှီးဟောင်း သုတေသနဦးစီးဌာန)၊ ယေဓမ္မာပါ ကြီးပုရပိုက်ချေနှစ်ချပ် (ဦးကေသာရ မင်္ဂလာသုခကျောင်း၊ ရန်ကုန်) စသည်ဖြင့် ရက္ခ၀ဏ္ဏအက္ခရာ ရှိပြီးစာများဖြစ်ကြောင်းကို ဦးဦးသာထွန်း ဧ့ ရက္ခ၀ဏ္ဏအက္ခရာ ဆင်းသက်ရာ(လက်ရီးမူ)တွင် ဖော်ပြထားသည်။ ထို့နောက် ရက္ခ၀ဏ္ဏအက္ခရာ ဆင်းသက်လာပုံကို ဖော်ပြရာတွင် အက္ခရာဟူသည် (အတ္ထော အက္ခရာ သညာတော)ဟူသည့် ပါဋ္ဌ်အရ သင်္ကေတ အမှတ်အသားအားဖြင့် အနက်အဓိပ္ပါယ်ကို သိသာရန် အမှတ်သညာ တစ်ခုအနီနန့် အက္ခရာဝဏ္ဏစာလုံးရို့ကို ပြုပျင်ထားရသည်ဟု ဆိုလိုသည်။ လူမျိုးကိုသော် လည်းကောင်း၊ တိုင်းပြည် ကိုသော် လည်းကောင်း အစွဲပြု၍ စာပီများ ဖြစ်ပေါ်သည့်နည်းတူ ရက္ခိုင်တွင်လည်း ရက္ခသဒ္ဒါကို အစွဲပြု၍ ရက္ခ=ရခိုင်+၀ဏ္ဏ=အက္ခရာစာလုံး။ ရခိုင့်အက္ခရာစာလုံး ဖြစ်လာသည်ဟု ဆိုပါသည်။ ဆက်နွယ် ဆင်းသက်လာပုံကို စာရှည်မည်ဖြစ်၍ မဖော်ပြလိုတော့ပါ။ ဝေသာလီခေတ်သည် အေဒီ ၃၂၇-၉၅၇ ဖြစ်ပါသည်။ အေဒီ ၆-ရာစုတွင် သိန်ကန်မိန် ရွှန်းလိုက်ရတုကို သုဝဏ္ဏဒေ၀ီခေါ် စောပြည့်ညိုသည် ရခိုင်စာဖြင့် ရီးဖွဲ့ခပါသည်။ ယင်းရတုနန့် ပတ်သတ်၍ ဦးအောင်သာဦး မှတ်ချက်ပီးထားသည်မာ အထက်ပါ ရွှန်းလိုက်ရတုသည် ရာဇ၀င် အထောက်အထား အဖို့သာမဟုတ်။ ရခိုင်စာပီ အထောက်အထားအဖို့လည်း အလွန်အရေးပါသော ရတုဖြစ်သည်။ ဤရတုသည် သက်ဆိုင်နီသော အိမ်ရှိမင်းသား အဖို့ကိုထားဦး၊ မသက်ဆိုင်သူ အပြင် လူများဧ့ စိတ်ကိုပင် ညွတ်နူးအောင် ဆွဲဆောင်ထား၏။ သိမ်မွိ့သော အနက်အဓိပ္ပါယ်၊ ယဉ်ကျေးသော စကားလုံးအသုံးအနှုန်းတိကို မြင့်မြတ်သော စိတ်ထားနန့် ရီးထားကြောင်း တွိရ၏။ သို့ဖြစ်၍ ထိုခေတ် ထိုအချိန်မာ ရခိုင့်စာပီအဆင့်အတန်း မည်သည်လောက် မြင့်နီပြီးဖြစ်ကြောင်း သတိချပ်အပ်သည်။ ဧလောက် အဆင့်အတန်းမြင့်သော ကဗျာဖြစ်အောင် ရီးထားခသော ရခိုင်စာပီသည် ရှီး ဇာခေတ် ဇာအချိန်ကပင် ပေါ်ပေါက်နီလိမည်ကို သီဟိုခေတ် စတုတ္ထအကြိမ် ပီထက်အက္ခရာဖြင့် သင်္ဂါယနာ တင်နိုင်သော စာပီအဆင့်တန်းနန့် နှိုင်းယှဉ်၍ စဉ်းစားကတ်စီလိုသည်ဟု ဖော်ပြထားသည်။ (၈)ရာစု အစောပိုင်းတွင် ပေါ်ထွန်းသော သိန်ကန်မိန်ရတုသည် အစောဆုံး ရက္ခ၀ဏ္ဏအက္ခရာ စာပီဖြစ်သည်ဟု မြန်မာစာ ညွန့်ပေါင်းကျမ်း(ပထမတွဲ)မာ ဖော်ပြထားပါသည်။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တွင် ပီအမှတ် ၁၄၇၉၄-ရာဇသံနန့် စောပြည့်ညိုရတု (ပီမူ)(ရခိုင့်မူ)ဟု မှတ်တမ်းပြုထားသည်။ (မှတ်ချက်-စာဖတ်သူအမျာစုရို့ တွိနီရသော သိန်ကန်မိန်ရတုသည် မြန်မာမူ ဖြစ်နီသည်ကို သတိထားသင့်သည်။ ရခိုင်စာနန့် ရခိုင်မူ ဟိပါသည်။) မေဓပညာမော်ကွန်းလင်္ကာ(ပီမူ)ကို အေဒီ ၆၇၈-၆၉၄၃ အတွင်းတွင် ရက္ခ၀ဏ္ဏအက္ခရာဖြင့် ရီးစပ်ခပါသည်။ ဗျည်း ၃၃ လုံးလှီတော်သံ(ဓမ္မဇေယျအမတ်ကြီး)၊ စန္ဒြားမင်းဘွဲ့ရို့ ကိုလည်း ဝေသာလီခေတ်တွင် ရခိုင်စာပီဖြင့် ရီးစပ်ခပါသည်။ လေးမြို့ခေတ် (အေဒီ ၉၅၇-၁၄၃၀)နန့် ပုဂံခေတ် (အေဒီ ၁၀၄၄-၁၂၈၇)ရို့သည် ခေတ်ပြိုင်ဖြစ်သည်။ ပုဂံခေတ်တွင် မြန်မာ့အက္ခရာနန့် အယင်ဆုံးတွိရသော မြ၀တီကျောက်စာ (ခေါ်)ရာဇကုမာရကျောက်စာ(၄၇၄-ခု)ထက် လေးမြို့ခေတ် မင်းရင်ဖြူဆင်းတုဓမ္မခဏ်စာ( ၂၀၉-ခု)က ၂၆၅-နှစ် ယင်ပါသည်။ ထိုကျောက်စာကို ထောက်၍ ဦးရွှေဇံက ရက္ခ၀ဏ္ဏအက္ခရာမာ ထိုအချိန်ကပင် ပီပီပြင်ပြင် ဟိနီပြီးဖြစ်သည်ဟု ဆိုပါသည်။ နန်းကျားရပ်တော်မူ ဘုရားပလ္လင်စာ (၄၅၁-ခု)က နှစ်ပေါင်း (၂၃)နှစ်ယင်ပါသည်။ ဘူးကွဲတောင်ဘုရားကျောက်စာ(၄၅၂-ခု)က (၂၂)နှစ်ယင်ပါသည်။ မြစေတီ ကျောက်စာ ရီးထိုးပြီးမှ ရီးထိုးသော ရခိုင့်စာပီရို့ကို မဖော်ပြလိုပါ။ လေးမြို့ခေတ် ကျောက်စာနန့် ပုဂံခေတ် ကျောက်စာရို့ကို နှိုင်းယှဉ်ကာ သုတေသီ မေစ္စတာတေလာက ရခိုင်စကားသည် မြန်မာစကားနန့် အသံထွက်များစွာ ခြားနားမှုဟိကြောင်း၊ ရခိုင် စကားက ပိုရှိကျပြီး စကားသံနန့် စာလုံးပေါင်းရို့ ပိုလို့ဆီလျော်မှုဟိကြောင်း ဆိုပါသည်။ ဦးအောင်သာဦးက ရှီးခေတ် မြန်မာ့ ကျောက်စာများ၌ ရခိုင့်စာလုံးပေါင်း များစွာပါဟိကြောင်း တွိရ၏။ ထို့ကြောင့် ရခိုင်စာပီသည် မြန်မာစာထက် ရှီးကျသောစာ ဖြစ်သည်ဟု တင်ပြထားသည်။ ဦးဦးသာထွန်းသည် ပီမူမှ မူရင်းအတိုင်း ၁၁၉၂-ခုနှစ်တွင် ရခိုင်စာ သတ်ပုံကျမ်းကို ရီးကူးခပါသည်။ ရှီးခေတ် ပညာသျှင်ရို့သည် ရခိုင်စာကို ထိန်းကွပ်ရန် သတ်ပုံစာကျမ်း ပြုစုခခြင်း ဖြစ်တန်ပါသည်။ မိဘုရားသျှင်ထွီး အလယ်စေတီကျောက်စာ ကြောင်းရီ(၂၄)တွင် အပ်နဖားရှိ ခံတွင်းဟိသော ပြိတ္တာဟု ပါဟိသည်။ အပ်နဖားပေါက်နန့် အရှိရှိ (ထပ်တူထပ်မျှ) ခံတွင်းဟိသော ပြိတ္တာဟု ဆိုလိုသည်။ ယင်းစာကြောင်းသည် ရခိုင်စာ ရီးထုံးရီးနည်း အစအနချေတစ်ခု ဖြစ်ပါသည်။ ဇယန္တဗောဓိက ရီးနည်း(၂၀)ကျော် ပြုစုထားပြီး ဖြစ်သည်ဟု ဆိုပါသည်။ ရခိုင်စာနန့် မြန်မာစာသည် ဗြဟ္မီအက္ခရာမှ ဆင်းသက်လာသည့် ရင်ချင်းဆက် အမွှာစာပီ (၀ါ) မျိုးတူသံကွဲစာပီတိ ဖြစ်ကတ်ပါသည်။ ရခိုင်စာကို ရခိုင်ရို့ ထိန်းသိမ်းရပါမည်။ လူမျိုးခြားရို့ ထိန်းသိမ်းပီးမည်မဟုတ်။ ရခိုင်စာ ဟိ၊ မဟိကို ရခိုင်သားရို့ လိလာရမည်။ ရခိုင်စာဧ့ သဘောသဘာဝကို ရခိုင်သားရို့ သိထိုက်သည်။ ပန်မလာဂတ်မန်မှစ၍ အခြားစာပီပညာသျှင်ရို့သည် ရခိုင်စာပီကို အထူးပြုလိလာခပါသည်။ အရှိတိုင်း၊ အနောက်တိုင်း ပညာဟိရို့ဧ့ လေးစားမှုကို အစဉ်ပိုင်စိုးသော ရခိုင်စာသည် ခါးနာရာမှ တဖန် မြန်းလာလတ်ပါသည်။ မြန်းထက်မြန်းလာအောင် အာရက္ခရို့ မပြုစုသင့်ပါလား။ ဒေါင်တာသန်းထွန်းက ရခိုင်ရို့သည် အေဒီ ၆-ရာစုမတိုင်ခင်ကပင် စာရီးစာဖတ်တတ်ပနာ ယဉ်ကျေးမှု ထွန်းကားပြီးဟု ဆိုပါသည်။ 
  1. Arakan Army
(၈၈) အရေးတော်ပုံ နောက်ပိုင်းတွင် ထိုင်း-ဗမာ နယ်စပ်၌ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)က ထူထောင်ထားသည့် ရခိုင် မျိုးဆက်သစ် တပ်မတော် (Arakan New Generation Army)၊ ရခိုင်အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု (National United Front of Arakan)က ထူထောင်ထားသည့် ရခိုင်ပြည်သစ် တည်ဆောက်ရေး တပ်မတော် (New Arakan Construction Army)နှင့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (Arakan Liberation Army)မှ တော်လှန်ရေးလမ်းကြောင်းသစ် ဖောက်လိုသည့် ဗိုလ်ရာဇာနှင့် ဗိုလ်စောထွန်း ဦးဆောင်သော တပ်ဗိုလ်တပ်မှူးများက ထူထောင်လိုက်သော ရခိုင် တပ်မတော် (Arakan Army)*တို့ကို ပေါင်းစည်းလျှက် တပ်မတော်သစ်တရပ်ကို ထူထောင်ခဲ့သည်။ အမည်ကို အင်္ဂလိပ်ဘာသာဖြင့် (Arakan Army)ဟု 
ဆက်လက်သုံးစွဲခဲ့သော်လည်း မြန်မာ/ရခိုင် ဘာသာဖြင့် ရခိုင်ပြည် တပ်မတော်ဟု မှန်ကန်စွာ* ပြောင်းလဲသုံးစွဲခဲ့သည်။ ရခိုင်ပြည်၊ ရခိုင်နိုင်ငံကို Arakan ဟု ခေါ်၍ ရခိုင်သား၊ ရခိုင်လူမျိုးကို Arakanese ဟု သုံးစွဲမှ မှန်ကန်ပါသည်။
မကိုဋ် သရဖူ - အထွတ်အမြတ် ဖြစ်ခြင်း။ အချုပ်အခြာ အာဏာပိုင်ဆိုင်ခြင်း။
ကြယ် - ထွန်းလင်း တောက်ပခြင်း။ ကြီးကျယ် ခမ်းနားခြင်း။

ကော်လံ တံဆိပ် - မကိုဋ် သရဖူ ဆောင်းထားသည့်ကြယ်။
- အချုပ်အခြာအာဏာပိုင်ဆိုင်ခဲ့စဉ်က ကြီးကျယ်ခမ်းနားခဲ့သည့် အတိတ် ရခိုင်ပြည်အား သတိရ တမ်းတခြင်း။
- ကြီးကျယ်ခမ်းနားသည့် ရခိုင်ပြည်သစ်ကို ပြန်လည်တည်ဆောက်ရန် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်အား လိုလားသည့် အာသီသရှိခြင်း။


ကြယ် - ထွန်းလင်း တောက်ပခြင်း။ ကြီးကျယ် ခမ်းနားခြင်း။
ဝံလက် - တိုက်ရည် ခိုက်ရည်နှင့် ပြည့်စုံသည့် စစ်သည် ရဲမက်။
“သီရီဝစ္ဆ” တံဆိပ်ပါ “နီတိ စန္ဒြ” ဒင်္ဂါးပြား - ကြွယ်ဝချမ်းသာခြင်း။

ဦးထုပ်တံဆိပ် - ကြယ်တပွင့်အား ဦးထိပ်ပန်လျှက် ရခိုင်ဒင်္ဂါးပြားကို သယ်ဆောင်ပျံသန်းနေသည့် ၀ံလက်ငှက်။
- ရခိုင်စစ်သည်တို့၏ စွမ်းပကားဖြင့် ကြီးကျယ်ခမ်းနားပြီး ကြွယ်ဝချမ်းသာသည့် ရခိုင်ပြည်သစ်အား ပြန်လည်ထူထောင်ရန် ရည်မှန်းချက်။ - See more at: http://arakangenerationyouthorganization.blogspot.com/2015/05/arakan-army.html#sthash.0xf1Jtw8.dpuf

Friday, May 29, 2015

"ရက္ခရာစု ပြန်လာခြင်း" (The return of the Arakanese era)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရခိုင်နိုင်ငံ၏အချူပ်အခြာအာဏာဆုံးရှုံးလားရလို့  ရခိုင်ရို့ လွတ်လပ်ရေး ပျောက်နိန်ရရေ။ 
လွတ်လပ်ရေး (Independence) မဟိလို့  လွတ်လပ်ခွင့် (Freedom) မဟိ၊ အခြီခံလူ့ အခွင့်အရေးမဟိ၊ လူမျိုးတစ်မျိုး၏ဂုဏ်သိက္ခာမဟိ၊ တန်ဖိုးမဟိ၊ ရပိုင်ခွင့်မဟိ၊ အကျိုးခံစားခွင့်မဟိ ဖြစ်နိန်ရရေ။
လက်နက်နန့် အကြမ်းဖက်ပနာ မတရားနယ်ချဲ့ ကျူးကျော်သိမ်းပိုက်ပြီးကေ အုပ်ချူပ်ခံကျွန်ဖြစ်အောင် သွတ်သွင်းခြင်းခံထားရလို့  စနစ်တကျဂုတ်သွီးစုပ်ခံနိန်ရပြီးကေ ဆင်းရဲတွင်းနက်နိန်ရရေ။ သီနတ်ပြအုပ်ချူပ်ထားခြင်းခံနိန်ရလို့  အကြောက်တရားနန့်  အသိပျောက်နိန်ရရေ။
လူမျိုးတစ်မျိုး၏အုပ်ချူပ်ခံကျွန်ဘ၀မှာ ရလာရေလက်ဆောင်တိက လူဖြစ်ရှုံးခြင်း၊ လူညွန့် တုံးခြင်း၊ လူစဉ်မမှီခြင်းနန့် လူ့ ဘ၀၏ဖြစ်တည်မှုအဓိပ္ပါယ်ပျောက်လားခြင်းပင် ဖြစ်တေ။ အုပ်ချူပ်တေဗမာယိုင်ကျေးမှုက ပုံစံအမျိုးမျိုးနန့် စိတ်ဓါတ်စစ်ဆင်ရေးလုပ် ဖျက်ထားရေခါ ရခိုင်သားမှာ သိမ်ငယ်စိတ်၊ အားငယ်စိတ်၊ မိမိကိုယ်ကို အထင်သေးပနာ အုပ်ချူပ်တေဗမာလူမျိုးကို အထင်ကြီးစိတ်၊ အချင်းချင်းမနာလိုစိတ်၊ အချင်းချင်းအပြစ်တင်အပြစ်မြင်ရေစိတ်၊ အချင်းချင်းရန်လိုရေစိတ်တိ ဖြစ်ပေါ်ခံစားနိန်ကတ်ရရေ။ ယင်းအတွက်နန့်  ဗမာယိုင်ကျေးမှုနန့် နီးစပ်လီလီ ဗမာပညာရေးစနစ်ထဲမှာ ဗမာစာကို သင်ကြားတတ်မြောက်လာလီလီ ဗမာဘားမှာ ကျွန်ခံချင်စိတ်ပေါက်လီလီ ဗမာကိုအထင်ကြီးရေစိတ်ဝင်လီလီ ဖြစ်ပါလတ်တေ။ ကိုယ်စွမ်းကိုယ်စ ကိုယ့်အင်အားကို ယုံကြည်စိတ်ပျောက်ပနာ ဗမာအုပ်ချူပ်မှုအောက်မှာ နိန်ရစွာကိုပင် ဆုလဒ်ကြီးတခုလို့ ထင်လာရေ။ ကိုယ်ပိုင်နိုင်ငံရေးလမ်းကြောင်းနန့် နိုင်ငံရေးအမြင်တိ ပျောက်ပနာ ဗမာတိလားနိန်ရေ နိုင်ငံရေးကိုပင် ကိုယ်ရို့ နိုင်ငံရေးလို့ ထင်လာရရေ။ ဗမာတိအလုပ်ဖြစ်အောင် အရက်ဝယ်ကြက်ဖမ်း အိတ်ထမ်းဖိနပ်ကိုင် လုပ်နိန်ရစွာကိုပင် သွီးနထင်ရောက် စိတ်ကြီးဝင်ပနာ နိုင်ငံရေးအမြင်ကျယ်ရေလို့ ထင်လာရေ။ ကိုယ့်အိမ်သားတိထက် လူများကို သနားတတ်လာခြင်းစွာ လူတန်းစားပျက်ရို့ ၏ဖောက်ပြန်နိန်ရေ စိတ်ရောဂါပင် ဖြစ်တေ။
ဗမာကျူးကျော်သူရို့ ကိုတော်လှန်မောင်းထုတ်ပနာ မြောက်ဦးမြို့ ကို ၁၄၃၀ မှာ မင်းစောမွန် တည်ထောင်နိုင်ခလို့  ရခိုင်ရို့ ရာစုကို ကမ္ဘာက သိအောင် ထုတ်ပြနိုင်ခရေ။ အီတလီက ဗင်းနစ်(စ်)၊ ဟော်လန်က အမ်စတာဒမ်ရို့ ပိုင် ကမ္ဘာ့အဆင့်မှီခရေ မြို့ မြောက်ဦးကို တည်ပြနိုင်ခရေ။ သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း (၆၃၅၂၇၅၅) ကို တည်ထားကိုးကွယ်ပနာ သီလပြည့်ဝရေ လူမျိုးလို့  ဂုဏ်ယူနိုင်ခရေ။
ဗမာတိကိုရာ တော်လှန်မောင်းမထုတ်နိုင်ခကေ ရွှီရောင်တောက်ပရေ ရက္ခရာစုစွာ သမိုင်းစာမျက်နှာထက်မှာ မဟိလာနိုင်ရေပိုင် ဗမာရို့ ၏နိုင်ငံရေးစက်ကွင်းထဲမှာ ရခိုင်လူမျိုးရေ မျိုးတုန်းပျောက်ကွယ်လို့ ဟိနိန်လီဖို့ ။ သီးခြားလွတ်လပ်လာခမှရာ အလုံးစုံတိုးတက်ခြင်း (Progress) ကို ဖန်တီးနိုင်ကြောင်းကို ရခိုင်သမိုင်းက သက်သီခံနိန်ရေ။
ဂနိကာလမှာ ကျွန်မှိုင်းမိပြီးကေ ကျွန်စိတ်ပေါက်နိန်ရေ တချို့ ရခိုင်သားတိက ဗမာကိုတိုက်လို့ နိုင်ဖို့ မဟုတ်ဗျာယ်ဆိုရေ အမြင်တိ ထုတ်ပြလာစွာကို တွိလာရရေ။ လွတ်လပ်ရေးထက် ဗမာနန့် ပေါင်းပြီးကေ ပြည်ထောင်စုဆိုရေ နာမေအောက်မှာ ကျွန်ခံလားစွာကရာ ပိုလို့ လက်တွိကျဖို့ လို့  ထုတ်ပြောလာကတ်စွာကို ကြားလာရရေ။ ရခိုင်သားမှာလူဦးရေ သုံးသန်းနီးပါးဟိရေ။ သုံးသန်း၏တစ်ရာခိုင်နှုန်းစွာ သုံးသောင်း၊ ဒေသုံးသောင်းရာ အမျိုးသားလက်နက်ကိုင်တော်လှန်ရေးသမားတိဖြစ်လာကေ ရခိုင်ပြည်မှာ တပ်စွဲထားရေ ဗမာကြေးစားဒမြဂိုဏ်းက စစ်အင်အားနှစ်သောင်းလောက်ကို အမှုန့် ခြွီပစ်လိုက်လို့ ရရေ။ နှစ်ပေါင်း ၂၃၀ ကျွန်ဖြစ်ပါလတ်တေ ရခိုင်လူမျိုး လွတ်မြောက်ဖို့  တစ်ရာနှုန်းလောက်ရာ အနစ်နာခံဝံ့ကေ ရက္ခရာစု ပြန်လာခြင်း (The return of the Arakanese era) ကို နက်ဖြန်ခါ မျက်စိရှိတည့်တည့်မှာ မြင်တွိလာရပါဖို့ ။
မြန်မာ့တပ်မတော်လို့  နာမေခံထားရေ ဗမာကြေးစားဒမြဂိုဏ်း၏အုပ်ချူပ်မှုအောက်မှာ မြန်မာနိုင်ငံရေ ကမ္ဘာ့ရွာအပြင်ဖက်က အပုပ်နံ့ တိတထောင်းထောင်းထနိန်ရေ တစပြင် အဆင့်ကိုရောက်နိန်ရရေ။ အရှိတောင်အာရှမှာတောင် လာအိုနိုင်ငံထက် တဖဲ့ချေသာရေ အဆင့်လောက်ရာဟိရေခါ အာဖရိကတိုက်က အဆင်းရဲဆုံးတိုင်းပြည်တိထက် ဆင်းရဲမွဲတေနိမ့်ကျနိန်စွာကို လားတွိရရေ။ ဗမာရို့ ၏သိမ်ဖျင်းယုတ်ညံ့စုတ်ပဲ့ခြင်းတိအောက်မှာ ကျွန်သဘောက်ဖြစ်နိန်ရရေ ရခိုင်ရို့ ဘ၀က သောင်ပြင်မှာလွတ်တေ ခွီးထက် ဆိုးနိန်လီဖို့ စွာက ပြောစရာမလိုလိုက်ဗျာယ်။ အ၀ီစိကြမ်းပြင်အောက်ကို အလုံးစုံပျက်သုန်းခြင်းနန့် ဆင်းလားနိန်ရေ ဗမာနောက်ကိုလိုက်ပနာ ကျွန်ခံလားဖို့ စိုင်းစားနိန်ရေ တချို့ ရခိုင်သားတိစွာ ကမ္ဘာ့ အမိုက်မဲဆုံးနန့် အသိဥာဏ်မဟိဆုံးလူသားတိ ဖြစ်လာနိုင်ရေ။
ဒမြတိုက်လို့ ရလာရေ ဖဲသာတိနန့်  အဆီယစ်နိန်ရေ ဗမာစစ်ဂေါင်းဆောင်တိက တချို့ ရခိုင်သားတိကို အရိုးအရင်းချေချကျွေးပနာ ဇာတ်သွင်းထားရေခါ တစ်ပြားတစ်ချပ်နောက်ကိုလိုက်ပနာ ကိုယ်ကျိုးရှာ ကိုယ်လွတ်ရုန်းတတ်တေ လူနန့် တူရေ လူတိဖြစ်ပါလတ်ကတ်တေ။
လူ့ ဂုဏ်သိက္ခာ လူ့ တန်ဖိုး လူဖြစ်ခြင်း၏အနှစ်သာရနန့် အဓိပ္ပါယ်ပြည့်ဝရေ တင်းပြည့်ကျပ်ပြည့် ၁၀၀ ရာခိုင်နှုန်း နှစ်ဆယ့်တစ်ရာစုလူသား ဖြစ်လာချင်ကေတော့ ဗမာကျွန်အဖြစ်က စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အပြီးအပိုင်ရုန်းထွက်ပနာ အထက်မှာပြောခရေပိုင် တစ်ရာခိုင်နှုန်းထဲက ရခိုင့်မျိုးချစ်သူရဲကောင်းဘ၀ကို ပြောင်းလိုက်ကတ်ပါလို့  တိုက်တွန်းလိုက်ပါရေ။